ရုပ်ရှင်သရုပ်ဆောင် အောင်ဇော်၏ နာရေးအခမ်းအနား မန္တလေးမြို့တွင် ပြုလုပ်
ရုပ်ရှင်သရုပ်ဆောင် အောင်ဇော်၏ နာရေးအခမ်းအနား မန္တလေးမြို့တွင်ပြုလုပ် ⚫⚫⚫⚫⚫⚫⚫⚫⚫⚫⚫⚫⚫⚫⚫⚫ #23.7.2019 #ရုပ်ရှင်သရုပ်ဆောင်ဦးအောင်ဇော် (၄၉) နှစ်သည် ဇူလိုင် ၂၁ ရက်၊ ည ၈ နာရီတွင် ရုတ်တရက် ကွယ်လွန်ခဲ့ပြီး ယနေ့ (ဇူလိုင်၂၃) ရက်၊ နံနက် ၁၁ နာရီတွင် ၎င်းနေထိုင်သည့် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ၆၂ လမ်း နေအိမ်မှ ကြာနီကန်သုသာန်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ သရုပ်ဆောင် အောင်ဇော်၏ နာရေးအခမ်းအနားသို့ ရုပ်ရှင်သရုပ်ဆောင်အချို့၊ ၎င်း၏ မိသားစုဝင်များ၊ မိတ်ဆွေများ လိုက်ပါပို့ဆောင်ခဲ့ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ ရုပ်ရှင်အစည်းအရုံး ဇာတ်ပို့ဇာတ်ရံအလွှာ၊ မန္တလေးတိုင်း ဗွီဒီယိုအခြေခံအဖွဲ့ စသည့်အဖွဲ့အစည်းများမှ လွမ်းသူပန်းခွေများ ပို့ခဲ့ကြသည်။ ■ ဓာတ်ပုံ - ရန်ပိုင် #Eleven_Media_Group