ဆယ်ကျော်သက်လေးတစ်ယောက်လို ခပ်မိုက်မိုက်ပုံစံလေးနဲ့ အပြတ်အသတ်ဂေါ်နေတဲ့ ခေတ်လေးတို့မေမေချစ်သုဝေ

ဆယ်ကျော်သက်လေးတစ်ယောက်လို ခပ်မိုက်မိုက်ပုံစံလေးနဲ့ အပြတ်အသတ်ဂေါ်နေတဲ့ ခေတ်လေးတို့မေမေချစ်သုဝေ










မင်းသမီးချောလေး ချစ်သုဝေကတော့ အဆိုတော်၊ သရုပ်ဆောင်အဖြစ် ပရိသတ်တွေရဲ့အားပေးမှုရရှိထားပြီးသား ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သမီးအမြွှာလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ ချစ်သုဝေက ကလေးနှစ်ယောက်ရဲ့မိခင်ဆိုပေမယ့်လည်း ယနေ့တိုင်အောင် အရွယ်တင်နုပျိုနေဆဲ ဖြစ်ပါတယ်။ ဖြူဖွေးနုဖတ်ပြီး ချစ်စရာကောင်းတဲ့ မေမေချစ်သုဝေကိုတော့ မိန်းကလေးအချင်းချင်းတောင် အားကျနေရတာပဲ ဖြစ်ပါတယ်။


ချစ်သုဝေက မိခင်တစ်ယောက်ရဲ့တာဝန်ကျေပွန်စွာ သမီးလေးနှစ်ယောက်ကို ထိန်းသိမ်းစောင့်ရှောက်နေသလို အနုပညာအလုပ်တွေကိုလည်း တစ်ဖက်တစ်လမ်းကနေ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ မေမေချစ်သုဝေတစ်ယောက် Photo Shooting လေးတွေ ဆက်တိုက်ဆိုသလို ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ အခုလည်း ချစ်သုဝေက လူငယ်ဆန်ဆန် ခပ်မိုက်မိုက်ပုံစံလေးနဲ့ အထာကျနေတာ တွေ့ရပါတယ်။


အနက်ရောင်ဖက်ရှင်နဲ့ အပြတ်အသတ် ဂေါ်နေတဲ့ ချစ်သုဝေကတော့ ကလေးအမေလို့တောင် ထင်ရက်စရာမရှိလောက်အောင် အရွယ်တင်နေတာ ဖြစ်ပါတယ်။ ချစ်သုဝေက ဘယ်လိုပုံစံမျိုးနဲ့မဆို လိုက်ဖက်တင့်တယ်ပြီး ချစ်စရာကောင်းနေတာပဲ ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် ခေတ်လေးသစ်လေးတို့ရဲ့ မေမေချစ်သုဝေရဲ့ အမိုက်စားပုံရိပ်လေးတွေကို တင်ဆက်ပေးလိုက်ပါတယ်နော်။

Credit

Comments

Popular posts from this blog

ထူးထူးခြားခြား အရုပ်နဲ့ တူလွန်းတဲ့ မော်ဒယ်များ

ရုပ်ရှင်သရုပ်ဆောင် အောင်ဇော်၏ နာရေးအခမ်းအနား မန္တလေးမြို့တွင် ပြုလုပ်

လူပြောများနေတဲ့ မာစတာရှပ်ဖ်ဒိုင်လူကြီး ဦးရဲထွဋ်ဝင်း အကြောင်း