ထူးထူးခြားခြား အရုပ်နဲ့ တူလွန်းတဲ့ မော်ဒယ်များ
ထူးထူးခြားခြား အရုပ်နဲ့ တူလွန်းတဲ့
မော်ဒယ်များ
ထူးထူးခြားခြား အရုပ်နဲ့ တူလွန်းတဲ့ မော်ဒယ်များကို ဖော်ပြပေးလိုက်ပါတယ်နော်။ ပလပ်စတစ်ဆာဂျရီတွေကို အကြိမ်ပေါင်းများစွာ ပြုလုပ်ပြီးတဲ့နောက်မှာတော့ အခုလို ဘာဘီရုပ်တွေနဲ့ တူလွန်းသွားခဲ့တာပဲ ဖြစ်ပါတယ်။
၁၀. Rodrigo Alves
မော်ဒယ်များ
ထူးထူးခြားခြား အရုပ်နဲ့ တူလွန်းတဲ့ မော်ဒယ်များကို ဖော်ပြပေးလိုက်ပါတယ်နော်။ ပလပ်စတစ်ဆာဂျရီတွေကို အကြိမ်ပေါင်းများစွာ ပြုလုပ်ပြီးတဲ့နောက်မှာတော့ အခုလို ဘာဘီရုပ်တွေနဲ့ တူလွန်းသွားခဲ့တာပဲ ဖြစ်ပါတယ်။
၁၀. Rodrigo Alves
Rodrigo Alves ကတော့ သူ့ရဲ့  ဘ၀မှာ သူကြိုက်နှစ်သက်တာတွေနဲ့ ပတ်သက်လို့ စိတ်ပျက်နေတယ်လို့ဆိုပါတယ်။သူဟာ သူ့မိဘရဲ့  အမွေတွေကို ဘယ်လို အသုံးပြု ရမယ်ဆိုတာ သိတတ်ပုံပါပဲ။သူဟာ ခွဲစိတ်ကုသမှု ပြု လုပ်ဖို့ အတွက် ဒေါ်လာ ၂၅၀၀၀၀ တောင်အကုန်အကျခံခဲ့တာပါ။ပုံမှန်ဘ၀ကတော့ Ken doll ပုံစံ နဲ့တူပြီး မကြာခဏဆိုသလိုသူဟာ ပွဲတက်ဖက်ရှင်တွေနဲ့ လန်းဆန်းနေလေ့ရှိပါတယ်။
၉ Lil Miquela
“The Sims” ရဲ့  ဇာတ်ကောင်ကာရိုက်တာဟာ ဘယ်သူ့ပုံစံလည်းလို့ မေးစရာပါပဲ။အင်စတာဂရမ်မှာ နာမည်ကြီးလာတဲ့ လော့အိမ်ဂျလိစ့်က Lil Miquela နဲ့ ပတ်သက်လို့ အငြင်းပွားဖွယ်သတင်းတွေလည်းရှိပါတယ်။ဒါကတော့ သူဟာ အရုပ်ပုံစံတူအောင်ပြု လုပ်နေတယ်ဆိုတာ ဂရပ်ဖစ် နည်းပညာနဲ့ သရီးဒီ ဒီဇိုင်းပေါင်းစပ်တာလို့ ကျွမ်းကျင်သူတွေက သုးံသပ်ကြပါတယ်။
၈. Amber Guzman
အရုပ် ပုံစံ ဘ၀ပြောင်းသွားသလို ဖြစ်လာတာကတော့ Amber Guzman ဟာကြွက်သားပျက်စီးမှုတွေကြောင့် ပါပဲ။သူမရဲ့  ပြောဆိုပုံအရတော့ Barbie ရုပ်ကဲ့သို့ သူမကိုယ်သူမ ထင်မြင်နေပြီး သွားလာလှုပ်ရှားနေတာတွေတောင်မှ အကူအညီလိုနေတယ်လို့ ဆိုပါတယ်။
၇. Duckie Thot
သြစတြေးလျမှာ Duckie Thot ဟာနောက်ဆုံးပေါ် အသားအရေ မဲမှောင်နေတဲ့ ဘေဘီရုပ်ပုံစံမော်ဒယ်ပေါ်ထွက်လာပါတယ်။သူမဟာ ကမ္ဘာမှာ ထိပ်ဆုံး ကနေ ရပ်တည်နေရုံသာမက အင်တာနက်လူမှု ကွန်ယက်တွေမှာလည်း ဖော်လိုဝါ များစွာ ရှိနေပါတယ်။
၆. Justin Jedlica
၁၀၀% ပတ်လစတစ် ရုပ်နဲ့ တူချင်တယ်လို့ ပြောလာသူကတော့ Justin Jedlicaဖြစ်ပါတယ်။သူဟာ အဲ့ဒီလို ပုံစံပေါက်အောင် ခွဲစိတ်မှု အကြိမ်ပေါင်း ၁၉၀ ထိပြု လုပ်ခဲ့ရတယ်လို့ ဆိုပါတယ်။ယခုအနေအထားကတော့ သူဟာ စတိုလ်သစ်နဲ့ အရုပ်ပုံစံတူနေပုံပါပဲ။
၅. Anastasiya Shpagina
မိတ်ကပ်အလှပြု ပြင်တဲ့ အနုပညာဖန်တီးရှင်ကတော့ Anastasiya Shpagina ပါပဲ။သူမရဲ့  အင်တာနက် ယူကျု ဗွီဒီယိုတွေထဲမှာ Sherlock, Jack Sparrow, Justin Bieber အစရှိတဲ့ ဇာတ်ကောင်တွေကို တခဏအတွင်းလုပ်နိုင်ဖန်တီးနိုင်ပါတယ်။တကယ်တော့ သူမအရုပ်ပုံစံတူတယ်ဆိုတာဟာ မိတ်ကပ်ကြောင့် ပဲဖြစ်မှာပါ။
၎. Nannette Hammond
Barbie ရုပ်နဲ့ တူတဲ့ သူဖြစ်အောင် ဒေါ်လာ ၅၀၀၀၀၀ ထိသုံးခဲ့သူကတော့ Nannette Hammond ပဲဖြစ်ပါတယ်။သူမဟာ အသက် ၂၁ နှစ်ကတည်းက ခွဲစိတ်မှု တွေပြု လုပ်ခဲ့ပြီး ကလေး ၅ ယောက်မိခင်ဖြစ်ပေမဲ့ အရုပ်ကလေးနဲ့တူအောင် ဆက်လက် ပြု ပြင်နေဆဲဖြစ်ပါတယ်။ယခု အချိန်မှာတော့ အသက် ၄၃ နှစ်ရှိပြီဖြစ်ပြီး ပေမဲ့ ဘယ်တော့ မှ အလှပြင်ခြင်းကို မရပ်တန့်ဘူးလို့ ဆိုပါတယ်။
၃. Dakota Rose
ပလတ်စတစ် ဆာဂျရီမလုပ်ဖူးလို့ ငြင်းချက်ထုတ်လာသူကတော့ Miniature Dakota Rose ပဖြစ်ပါတယ်။ယနေ့အချိန်မှာတော့ သူမဟာ အသက် ၂၂ နှစ် ရှိပြီဖြစ်ပြီး ဂျပန်မှာနေထိုင်တယ်လို့ သိရပါတယ်။ဒါဟာလည်း အနုပညာတွေ လှုပ်ရှားဖို့အတွက် သူမရဲ့  ပရိတ်သတ်တွေက ဂျပန်မှာမို့ပါပဲ။
၂. Angelica Kenova
ငယ်စဉ်ကတည်းက တော့ မင်းသမီးတစ်ယောက်လို ၀တ်ဆင်တတ်တဲ့ Angelica က ဘယ်ယောင်္ကျားတစ်ယောက်နဲ့ မှ မိသားစုက ထိတွေ့ မခဲခဲ့ဘူးလို့ ဆိုပါတယ်။အဓိကပြောချင်တာက မိဘတွေဟာ အရုပ်ကလေးတစ်ယောက်လို ပြု ပြင်ပေးထားတာလို့ ဆိုပါတယ်။ယခုအချိန်မှာတော့ သူမဟာ ကျော်ကြားတဲ့ မော်ဒယ်တစ်ယောက်ဖြစ်ပြီး အရုပ်နဲ့ တူတဲ့ နေရာမှာ နာမည်ကြီးပါတယ်။
၁. Valeria Lukyanova
ယူကရိန်းသူ Valeria Lukyanova ကတော့ ရင်သားခွဲစိတ်မှု ကလွဲပြီးကျန်တာဘာမှ မလုပ်ခဲ့ဖူးသူလို့ ဆိုပါတယ်။မိတ်ကပ်နဲ့ အလှတရားတွေကတော့ အလွန်ကို လှပနေပြီး အစားအသောက်တွေဆင်ခြင်စားသောက်တာကြောင့် အရုပ်ကလေးလိုလှပနေတာလို့ ပြောထားပေမဲ့ လူတိုင်းကတော့ ယုံကြည်မှုမရှိပါဘူး။











Comments
Post a Comment