Posts

အေးဝတ်ရည်သောင်း နဲ့အတူ ရိုက်ကူးရေးလုပ်နေတဲ့ ဖြိုးမြတ်အောင်

Image
အေးဝတ်ရည်သောင်း နဲ့အတူ ရိုက်ကူးရေးလုပ်နေတဲ့ ဖြိုးမြတ်အောင် Myanmar Idol season 3ရဲ့ winner ဆုရှင် ဖြိုးမြတ်အောင်ဟာဆိုရင် ပရိတ်တွေ ချစ်ခင်အားပေးရတဲ့ အဆိုရှင် တစ်ဦးပါ။ ဖြိုးမြတ်အောင်က ခုဆိုရင်အနုပညာလမ်းကြောင်းကို ပုံမှန်လေး လျှောက်လှမ်းနေပြီး သီချင်းလေးတွေဆို ကြော်ငြာလေးတွေလက်ခံရိုက်ကူးနေပြီပဲ ဖြစ်ပါတယ်။ ဒီတစ်ခါမှာလည်း ဖြိုးမြတ်အောင်က သရုပ်ဆောင် အေးဝတ်ရည်သောင်းနဲ့အတူ ကြော်ငြာရိုက်ကူးနေတာပဲ ဖြစ်ပါတယ်။ မိုမိုလေးပရိသတ် ကြီးအတွက် ဖြိုးမြတ်အောင်နဲ့ အေးဝတ်ရည်သောင်း တို့ရဲ့ ပုံရိပ်ကလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။ ဖြိုးမြတ်အောင် ကနိုင်ငံကျော် နာမည်ကြီး ဝါရင့်သရုပ်ဆောင် အေးဝတ်ရည်သောင်း နဲ့အတူ ရိုက်ကူးရေးလုပ်နေတာပဲ ဖြစ်ပါတယ်။ဖြိုးမြတ်အောင် ရဲ့ ပရိသတ်တွေကတော့ သူတို့နှစ်ယောက် အတူရိုက်ကူးရေးလုပ်နေတာကြောင့် အရမ်းကို စိတ်ဝင်စားနေကြတာပါ။ ဖြိုးမြတ်အောင်နဲ့ အေးဝတ်ရည်သောင်းတို့ရဲ့ ပုံရိပ်ကလေး ဖြိုးမြတ်အောင်နဲ့ အေးဝတ်ရည်သောင်းတို့ရဲ့ ရိုက်ကွင်းလေးကို ပရိသတ်တွေသဘောကျမှာပါ။ ကြည့်ရှု့ပေးကြတဲ့ မိုမိုလေးပရိသတ် ကြီးကိုကျေးဇူးအထူးတင်ရှိပါတယ်။

သရုပ်ဆောင် ဒွေး ရဲ့ သမီးလေး ဆည်းလည်း

Image
သရုပ်ဆောင် ဒွေး ရဲ့ သမီးလေး ဆည်းလည်း ဦးလေးဖြစ်သူ ဒါရိုက်တာ သားညီ ရိုက်ကူးမယ့် “…အခြားမဲ့ ၌” ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်မယ့် သရုပ်ဆာင် ဆည်းလည်းရဲ့ ပုံရိပ်တွေပါ။  “…အခြားမဲ့ ၌” ရုပ်သံဇာတ်လမ်းတွဲကို ဒါရိုက်တာ သားညီ က ရိုက်ကူးမှာဖြစ်ပြီး သရုပ်ဆောင် မင်းသူ၊ ညီနန္ဒ၊ နေဒွေး၊ ညီထွဋ်ခေါင်၊ ခင်ဇာခြည်ကျော်၊ လှမျိုးသဉ္ဇာနွယ်၊ ဆည်းလည်း နှင့် အခြားအနုပညာရှင်များစွာ ပါဝင်သရုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။

ရုပ်ရှင်သရုပ်ဆောင် အောင်ဇော်၏ နာရေးအခမ်းအနား မန္တလေးမြို့တွင် ပြုလုပ်

Image
ရုပ်ရှင်သရုပ်ဆောင် အောင်ဇော်၏ နာရေးအခမ်းအနား မန္တလေးမြို့တွင်ပြုလုပ် ⚫⚫⚫⚫⚫⚫⚫⚫⚫⚫⚫⚫⚫⚫⚫⚫ #23.7.2019 #ရုပ်ရှင်သရုပ်ဆောင်ဦးအောင်ဇော် (၄၉) နှစ်သည် ဇူလိုင် ၂၁  ရက်၊ ည ၈ နာရီတွင် ရုတ်တရက် ကွယ်လွန်ခဲ့ပြီး ယနေ့ (ဇူလိုင်၂၃) ရက်၊ နံနက် ၁၁ နာရီတွင် ၎င်းနေထိုင်သည့် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ် ၆၂ လမ်း နေအိမ်မှ ကြာနီကန်သုသာန်သို့ ပို့ဆောင်ခဲ့ကြောင်း သိရသည်။ သရုပ်ဆောင် အောင်ဇော်၏ နာရေးအခမ်းအနားသို့ ရုပ်ရှင်သရုပ်ဆောင်အချို့၊ ၎င်း၏ မိသားစုဝင်များ၊ မိတ်ဆွေများ လိုက်ပါပို့ဆောင်ခဲ့ပြီး မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံး၊ ရုပ်ရှင်အစည်းအရုံး ဇာတ်ပို့ဇာတ်ရံအလွှာ၊ မန္တလေးတိုင်း ဗွီဒီယိုအခြေခံအဖွဲ့ စသည့်အဖွဲ့အစည်းများမှ လွမ်းသူပန်းခွေများ ပို့ခဲ့ကြသည်။ ■ ဓာတ်ပုံ - ရန်ပိုင် #Eleven_Media_Group

သရုပ်ဆောင်အောင်ဇော် (၁၉၇၁-၂၀၁၉) နှလုံးရောဂါဖြင့် ရုတ်တရတ်ကွယ်လွန်

Image
ပရိသတ်ကြီးရေ ရုပ်ရုပ်သရုပ်ဆောင် အောင်ဇော်ကတော့ နှလုံးရောဂါနဲ့ ရုတ်တရက် ကွယ်လွန်သွားတယ်လို့ကြားသိပါတယ်။ အောင်ဇော်ကတော့ ကျရာဇာတ်ရုပ်ကို ပိုင်နိုင်စွာ သရုပ်တောင်နိုင်တဲ့ ဇာတ်ပို့ တစ်ယောက်လဲဖြစ်ပါတယ်။ ဗီဒီယိုလောက ခေတ်ပျက်သွားတဲ့အတွက် ပရိသတ်တွေနဲ့ ဝေးကွာနေတာပဲဖြစ်ပါတယ်။သရုပ်ဆောင် အောင်ဇော်ရုတ်တရက် ကွယ်လွန်သွားတဲ့အတွက် မိသားစုနဲ့ထပ်တူစိတ်မကောင်းဖြစ်ပါတယ်။ ကိုအောင်ဇော်ကောင်းရာမွန်ရာရောက်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။ ပရိသတ်ကြီးလဲ သရုပ်ဆောင် အောင်ဇော်အတွက် ဆုတောင်းပေးခဲ့ကြပါဦးနော်။

သူငယ်ချင်းအတွက် ဖြေမဆယ်နိုင်ဖြစ်နေရှာတဲ့ ဝေဠုကျော်

Image
ရုပ်ရှင်ဇာတ်ကား ပေါင်းများစွာ အတူတူရိုက်ကူးခဲ့ကြတဲ့ ဝေဠုကျော်နဲ့ အောင်ဇော်တို့ဟာ အရမ်းခင်ကြတဲ့ သူငယ်ချင်းတွေဖြစ်ပြီး မဆုံဖြစ်ကြတာ နှစ်နဲ့ ချီနြေ့ပီလို့ သိရပါတယ်။ သူတို့တွေက လူကြီးမတွေ့ရပေမယ့် ဖုန်းအဆက်အသွယ်ကတော့ ရှိကြတယ်ဆိုတဲ့ အကြောင်းကို ဝေဠုကျော်ကပြောပြလာပါတယ်။ ဝေဠုကျော်နဲ့ အောင်ဇော်တို့ဟာ ယနေ့ ဇူလိုင်လ ညပိုင်း ၇နာရီဝန်းကျင်က ဖုန်းပြောဖြစ်ခဲ့ကြပြီး ၉နာရီ ၄၅မိနစ်လောက်မှာတော့ ကိုအောင်ဇော်ဆုံးပြီဆိုတဲ့ သတင်းကို ကြားခဲ့ရတာဖြစ်လို့ သူ့အနေနဲ့ ဘယ်လိုမှကိုမယုံနိုင်သေးဘူးလို့ ဆိုပြီး စာတစ်ချို့ရေးသားလာပါတယ်။ ဝေဠုကျော် ရေးသားခဲ့တာကတော့ “ သူငယ်ချင်း အောင်ဇော် မင်းငါ့ကို လှမ်း နှုတ်ဆက်သွားတာလားကွာ   7 : 08 pm မှာ ငါ့ဆီကို မင်းဖုန်းဆက်တယ် ကားရိုက်ရှိလို့ 23 ရန်ကုန်လာမလို့တဲ့ အေး ငါကမနက်ဖြန် မန္တလေးလာမှာ စပိဘုတ် တစ်စီးပါဆွဲလာရမှာ လို့ပြော တော့ ငါအိမ်မှာလာထားတဲ့ ငါကားရေဆေးခုံ ဖွင့်ထားတယ် မင်းနဲ့တွေ့ပြီးစကာတွေပြောချင်သေးတယ်တဲ့ နောက်ရက်မှဘဲ ရန်ကုန် သွားမယ်လို့ မင်းပြောတယ် …” “ 9း 45 pm မှာ မင်း သတင်း တက်လာလို့ မဟုတ်ပါစေနဲ့လို့ ဆုတောင်းပြီး မင်းဖုန်းကို ဆက်လိုက် တော့ မင်းမိန်းမ ဖြူ...

လူပြောများနေတဲ့ မာစတာရှပ်ဖ်ဒိုင်လူကြီး ဦးရဲထွဋ်ဝင်း အကြောင်း

Image
လူပြောများနေတဲ့ မာစတာရှပ်ဖ်ဒိုင်လူကြီး ဦးရဲထွဋ်ဝင်း အကြောင်း ====================================== MRTV 4 ကနေ ထုတ်လွှင့်ပြသနေပြီး လူကြိုက်များနေတဲ့ Reality Show ဖြစ်တဲ့ Master Chef Myanmar မှာ ထူးထူး ခြားခြား စကတ်ကြီး တကားကားနဲ့ ပြိုင်ပွဲဝင်တွေကို အဆုံးအဖြတ်ပေးနေတဲ့ ဒိုင်လူကြီးမင်းတစ်ဦးကို သတိထားမိကြမယ် ထင်ပါတယ်။ သူကတော့ မြန်မာနိုင်ငံက Sharky’s (ရှာကီ) စားသောက်ဆိုင်ခွဲတွေရဲ့ ပိုင်ရှင် တစ်ဦးလည်းဖြစ်ပါတယ်။ အောင်မြင်မှုရ နေကြသူတိုင်းဟာ အလကားနေရင်း ရုတ်တရက်ကြီး ထပြီး အောင်မြင်လာကြတာတော့ မဟုတ်ပါဘူး။ ဒီလိုအခြေအနေ မျိုးကို မရောက်ခင်မှာ အခက်အခဲတွေကို တစ်ဆင့်ခြင်း ရင်ဆိုင်ဖြတ်ကျော်ခဲ့ရတာချည်းပါပဲ။ ဒီလိုလူတွေထဲမှာ ဦးရဲထွဋ်ဝင်း (ခ) ဦးရှာကီ လည်း တစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ ဦးရဲထွဋ်ဝင်း က စားသောက်ဆိုင် သန့်ရှင်းရေး သမားဘဝကနေ အခုလို အောင်မြင်တဲ့ စားဖိုမှူးကြီးတစ်ယောက်ဖြစ်လာပြီး မြန်မာနိုင်ငံမှာ Sharky’s ဆိုတဲ့ စားသောက်ဆိုင်ခွဲတွေရဲ့ ပိုင်ရှင် ဖြစ်လာခဲ့ပုံအကြောင်းက စိတ်ဝင်စားဖွယ် လေးစားအားကျစရာ ကောင်းလှပါတယ်။ ဦးရဲထွဋ်ဝင်း ဟာ အသက် ၁၉ နှစ်အရွယ်မှာ ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့ကို ရောက်ခဲ့ပြီး...

ဆယ်ကျော်သက်လေးတစ်ယောက်လို ခပ်မိုက်မိုက်ပုံစံလေးနဲ့ အပြတ်အသတ်ဂေါ်နေတဲ့ ခေတ်လေးတို့မေမေချစ်သုဝေ

Image
ဆယ်ကျော်သက်လေးတစ်ယောက်လို ခပ်မိုက်မိုက်ပုံစံလေးနဲ့ အပြတ်အသတ်ဂေါ်နေတဲ့ ခေတ်လေးတို့မေမေချစ်သုဝေ မင်းသမီးချောလေး ချစ်သုဝေကတော့ အဆိုတော်၊ သရုပ်ဆောင်အဖြစ် ပရိသတ်တွေရဲ့အားပေးမှုရရှိထားပြီးသား ဖြစ်ပါတယ်။ ချစ်စရာကောင်းတဲ့ သမီးအမြွှာလေးနှစ်ယောက်ကို ပိုင်ဆိုင်ထားတဲ့ ချစ်သုဝေက ကလေးနှစ်ယောက်ရဲ့မိခင်ဆိုပေမယ့်လည်း ယနေ့တိုင်အောင် အရွယ်တင်နုပျိုနေဆဲ ဖြစ်ပါတယ်။ ဖြူဖွေးနုဖတ်ပြီး ချစ်စရာကောင်းတဲ့ မေမေချစ်သုဝေကိုတော့ မိန်းကလေးအချင်းချင်းတောင် အားကျနေရတာပဲ ဖြစ်ပါတယ်။ ချစ်သုဝေက မိခင်တစ်ယောက်ရဲ့တာဝန်ကျေပွန်စွာ သမီးလေးနှစ်ယောက်ကို ထိန်းသိမ်းစောင့်ရှောက်နေသလို အနုပညာအလုပ်တွေကိုလည်း တစ်ဖက်တစ်လမ်းကနေ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ မေမေချစ်သုဝေတစ်ယောက် Photo Shooting လေးတွေ ဆက်တိုက်ဆိုသလို ရိုက်ကူးနေရတာ ဖြစ်ပါတယ်။ အခုလည်း ချစ်သုဝေက လူငယ်ဆန်ဆန် ခပ်မိုက်မိုက်ပုံစံလေးနဲ့ အထာကျနေတာ တွေ့ရပါတယ်။ အနက်ရောင်ဖက်ရှင်နဲ့ အပြတ်အသတ် ဂေါ်နေတဲ့ ချစ်သုဝေကတော့ ကလေးအမေလို့တောင် ထင်ရက်စရာမရှိလောက်အောင် အရွယ်တင်နေတာ ဖြစ်ပါတယ်။ ချစ်သုဝေက ဘယ်လိုပုံစံမျိုးနဲ့မဆို လိုက်ဖက်တင့်တယ်ပြီး ချစ်စရာကောင်းနေတ...