သူငယ်ချင်းအတွက် ဖြေမဆယ်နိုင်ဖြစ်နေရှာတဲ့ ဝေဠုကျော်
ရုပ်ရှင်ဇာတ်ကား ပေါင်းများစွာ အတူတူရိုက်ကူးခဲ့ကြတဲ့ ဝေဠုကျော်နဲ့ အောင်ဇော်တို့ဟာ အရမ်းခင်ကြတဲ့ သူငယ်ချင်းတွေဖြစ်ပြီး မဆုံဖြစ်ကြတာ နှစ်နဲ့ ချီနြေ့ပီလို့ သိရပါတယ်။ သူတို့တွေက လူကြီးမတွေ့ရပေမယ့် ဖုန်းအဆက်အသွယ်ကတော့ ရှိကြတယ်ဆိုတဲ့ အကြောင်းကို ဝေဠုကျော်ကပြောပြလာပါတယ်။ ဝေဠုကျော်နဲ့ အောင်ဇော်တို့ဟာ ယနေ့ ဇူလိုင်လ ညပိုင်း ၇နာရီဝန်းကျင်က ဖုန်းပြောဖြစ်ခဲ့ကြပြီး ၉နာရီ ၄၅မိနစ်လောက်မှာတော့ ကိုအောင်ဇော်ဆုံးပြီဆိုတဲ့ သတင်းကို ကြားခဲ့ရတာဖြစ်လို့ သူ့အနေနဲ့ ဘယ်လိုမှကိုမယုံနိုင်သေးဘူးလို့ ဆိုပြီး စာတစ်ချို့ရေးသားလာပါတယ်။
ဝေဠုကျော် ရေးသားခဲ့တာကတော့ “ သူငယ်ချင်း အောင်ဇော် မင်းငါ့ကို လှမ်း နှုတ်ဆက်သွားတာလားကွာ
“ 9း 45 pm မှာ မင်း သတင်း တက်လာလို့ မဟုတ်ပါစေနဲ့လို့ ဆုတောင်းပြီး မင်းဖုန်းကို ဆက်လိုက် တော့ မင်းမိန်းမ ဖြူစင် ဖုန်းကိုင် တယ် ငိုလိုက်တာ
ဝေဠုကျော်ဟာ ပရဟိတလုပ်ငန်းတွေကို လုပ်ကိုင်နေတာကြောင့် အနုပညာအလုပ်တွေ ရပ်နားထားတာဖြစ်ပါတယ်။ ကိုအောင်ဇော် ကတော့ ရိုက်ကူးဖို့ကမ်းလှမ်းလာတဲ့ အခါတွေမှာ ရိုက်ကူးဖြစ်နေပြီး ယခင်ကလို တော့ အများကြီး မရိုက်ဖြစ်ကြတော့ပါဘူး သူက ယခုလအတွင်းမှာဘဲ ကျန်းမာရေးချူချာနေတယ်လို့လဲ သူ့မိတ်ဆွေတွေထ့မှသိရပါတယ်။ ကျန်းမာရေးချူချာနေပေမယ့်လဲ ဒေါင်ဒေါင်မြည်အောင် လျှောက်သွားနေတဲ့ သူတစ်ယောက်မို့ သူရုတ်တရက်ကွယ်လွန်ခဲ့တာနဲ့ ပတ်သက်ပြီး ဘယ်သူကမှမယုံနိုင်လောက်အောင်ဖြစ်နေကြပါတယ်
ရုပ်ရှင်နဲ့ ဗီဒီယိုသရုပ်ဆောင် ကိုအောင်ဇော်ဟာ ဇူလိုင်လ ၂၁ရက်နေ့ညက နှလုံးရောဂါဖြင့် ရုတ်တရက်ကွယ်လွန်ခဲ့ပါတယ်။ ကိုအောင်ဇော်တစ်ယောက် ကောင်းတဲ့ ဘုံဘ၀ကိုရောက်ပါစေလို့ ဆုမွန်ကောင်းတောင်းပေးပါတယ်နော်။ မိုမိုလေး


Comments
Post a Comment