မန္တလေးက နှုတ်ခမ်းနီမလေးတွေ ကြောက်ခမန်းလိလိအားပေးကြမ်းကြတာကြောင့် လက်မှာကုတ်ရာအကြီးကြီးထင်သွားခဲ့တဲ့ စိုင်းစိုင်း

ပရိသတ်ကြီးရေ နှုတ်ခမ်းနီမလေးတွေသည်းသည်းလှုပ်အားပေးရတဲ့ အဆိုတော် သရုပ်ဆောင် စိုင်းစိုင်းခမ်းလှိုင်ဟာဆိုရင် သဘောဖြူမနောဖြူတဲ့တိုင်းရင်းသားလေးတစ်ယောက်ဖြစ်ပါတယ်။အနုပညာလောက်ထဲကိုဝင်ရောက်လာခဲ့တာက ၁၀စုနှစ်ကျော်လောက်ရှိနေပြီဖြစ်ပြီး စိုင်းစိုင်းရဲ့အောင်မြင်ကျော်ကြားမှုတွေကတော့ ယနေ့အချိန်ထိ တည်တံ့ခိုင်မာနေဆဲဖြစ်ပါတယ်နော်။
စိုင်းစိုင်းရဲ့တစ်ကိုယ်တော်ရှိုးပွဲတွေကိုဆိုရင်လည်း ပရိသတ်တွေက ကွင်းပြည့်ကွင်းလျှံတဲ့အထိ အကြိတ်အနယ်ကိုအားပေးကြတာဖြစ်ပါတယ်။စိုင်းစိုင်းကတော့ အသက်အရွယ်တစ်ခုထိရောက်ရှိလာတာတောင် နုပျိုချောမောခြင်းတွေက တစ်စက်မှမလျော့သွားတာကြောင့် ပျိုပျိုမေလေးတွေက ချစ်ပြီးရင်းချစ်နေရတာဖြစ်ပါတယ်နော်။စိုင်းစိုင်းကိုတော့ နှုတ်ခမ်းနီမလေးတွေအပြင် ယောက်ျားလေးပရိသတ်တွေကပါ တစ်ခဲနက်အားပေးကြတာကိုတွေ့ရပါတယ်နော်။
အခုဆိုရင်တော့ စိုင်းစိုင်းက မန္တလေးကိုသွားပြီး ရတနာပုံတက္ကသိုလ်ရဲ့ပွဲလေးကို တက်ရောက်ခဲ့တာပဲ ဖြစ်ပါတယ်။မန္တလေးက နှုတ်ခမ်းနီမလေးတွေရဲ့ ကြောက်ခမန်းလိလိအားပေးမှုကြီးကြောင့် စိုင်းစိုင်းရဲ့လက်မှာ ကုတ်ရာလေးထင်သွားပါတယ်နော်။စိုင်းစိုင်းကတော့”ဒီနေ့ အမှတ်တရ လက်သည်းရှင် အမြန်ဆက်သွယ်ပါ” လို့ရေးသားထားကာ လက်ကကုတ်ရာအကြီးကြီးကို ချစ်ပရိသတ်တွေအတွက်မျှဝေလာပါတယ်နော်။
Credit

Comments
Post a Comment