လိင်ပို်င်းဆိုင်ရာအကြမ်းဖက်ခံခဲ့ရကြောင်း ရင်ဖွင့်လာခဲ့တဲ့ မင်းသမီးခရစ္စတီးနား

၁၀ နှစ်အရွယ်မှာ လိင်ပို်င်းဆိုင်ရာအကြမ်းဖက်ခံခဲ့ရကြောင်း ရင်ဖွင့်လာခဲ့တဲ့ မင်းသမီးခရစ္စတီးနား
သမီးလေး ဗစ်တိုးရီယားရဲ့အမှုကိစ္စဟာ မလိုအပ်ပဲ အရှုပ်အထွေးများစွာနဲ့ ပြည်သူအများ ရင်နဲ့မဆံ့ခံစားနေရတဲ့ အမှုကိစ္စတစ်ခုဖြစ်သလို သက်ငယ်မုဒိမ်းမှုကို အထိရောက်ဆုံးကိုင်တွယ်ပေးဖို့ဟာ ALinnMyay ပရိသတ်ကြီးနဲ့အတူ ပြည်သူအများလိုလားနေတဲ့ ရင်ထဲကဆန္ဒအမှန်ဖြစ်ပါတယ်။
နာမည်ကြီးအနုပညာရှင်တွေဟာလဲ ဒီသက်ငယ်မုဒိမ်းမှုနဲ့ပတ်သက်ပြီး ပြည်သူတွေ နဲ့ တစ်သားတည်းရှိနေခဲ့တာ အားလုံးအသိပဲဖြစ်ပါတယ်။ အခုအခါမှာတော့ သရုပ်ဆောင်ခရစ္စတီးတစ်ယောက် သူငယ်စဉ်ချိန်ကလဲ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုကို ကိုယ်တိုင်ကြုံတွေ့ ခံစားခဲ့ရဖူးကြောင်း ရင်ဖွင့်ပြောပြလာခဲ့လို့ AlinnMyay ပရိသတ်ကြီးတို့ ဖတ်ရှုနိုင်ကြပြီး မျှဝေခံစားနိုင်ရအောင် တင်ဆက်ပေးလိုက်ရပါတယ်။
” ဘယ်လိုပြောရမှန်းတောင်မသိဘူး။ တော်တော်ကြီးကိုဆိုးရွားခဲ့တယ်။ တော်တော်ပဲ။ အသက် ၁၀ နှစ်ဆိုတဲ့ ကလေးတစ်ယောက်က ဘာမှကိုမသိဘူးပေါ့နော်။ အဲ့လိုအချိန်မျိုးမှာ ငါ့ကိုဘာလုပ်သွားတာလဲ ဘာကြီးလဲ အရမ်းကြီးကို တစ်မျိုးကြီးပေါ့နော်။ ရှက်လို့ ဘယ်သူ့ကိုမှ အစ်မမပြောပြဘူး။
အဲ့ကိစ္စကို မပြောဘဲနဲ့ ၁၃ နှစ်၊ ၁၄ နှစ်လောက်ရောက်မှ အစ်မအမေကို စပြောတာ ဒီကိစ္စကြီးကို အစ်မတစ်ယောက်တည်းခံစားရတာပေါ့နော်။
အိမ်အောက်မှာ အစ်မကစားနေရင်းနဲ့ပေါ့။ ဒီလိုမျိုးလိင်ပိုင်းဆိုင်ရာစော်ကားအကြမ်းဖက်ခံခဲ့ရတာပေါ့နော်။ အသိအကျွမ်းထဲက လူကြီးတစ်ယောက်က လုပ်ခြင်းကိုခံရတာပါ။ နှစ်နှစ်သုံးနှစ်လောက် တစ်ယောက်တည်းကြိတ်ခံစားခဲ့ရတယ်။ အဖေကသဘောင်္လိုက်နေတာဆိုတော့ အဲ့ဒီ အချိန်ကအရမ်းအားငယ်ခဲ့ရတယ် ” လို့ ခရစ္စတီးနားက သူ အသက် ၁၀ နှစ်မှာ ကစားနေရင်းနဲ့ အသိအကျွမ်းလူကြီးတစ်ယောက်ကြောင့် လိင်ပိုင်းဆိုင်ရာစော်ကားခံခဲ့ရတဲ့ သူ့အတွေ့အကြုံနဲ့ရင်းပြီး ခံစားရင်ဖွင့်ပြောဆိုသွားခဲ့တာဖြစ်ပါတယ်။
” ဒီလိုကိစ္စတွေကို အစ်မအရမ်းရွံတယ်။ အစ်မအရမ်းမုန်းပါတယ် ” လို့ ခရစ္စတီးနားဟာ သက်ငယ်မုဒိမ်းမှုတရားခံတွေကို သေဒဏ်ကျခံစေချင်ကြောင်း ပြောဆိုခဲ့သလို သေဒဏ်မဟုတ်လို့ တစ်သက်တစ်ကျွန်းပြစ်ဒဏ်ချမယ်ဆိုရင်တောင် ယောကျာင်္းအချင်းချင်းကျူးလွန်နိုင်သေးတာကြောင့် ကျူးလွန်သူကို တိုက်ပိတ်အကျဉ်းချထားသင့်ကြောင်း အကြုံပြသွားခဲ့ပါတယ်။
ကလေးငယ်တွေအတွက် လိင်ပိုင်ဆိုင်ရာအသိပညာပေးဖို့လိုအပ်လာပြီဖြစ်ကြောင်း “ကလေးတွေကို ဗဟုသုတအနေနဲ့ သင်တန်းတွေတောင်ပို့ချပေးဖို့လိုနေပြီ” လို့ ထုတ်ဖော်ပြောဆိုခဲ့သလို သူကိုယ်တိုင်လည်းဘာမှမသိသေးတဲ့ ပီိဘိကလေးအရွယ်မှာ ကြုံခဲ့ရတဲ့အခြေအနေကို ကိုယ်ချင်းစာနှိုင်းယှဉ်ပြီးပြောပြသွားခဲ့ပါတယ်။
Credit – EFIL-AlinnMyay(အလင်းမြေ)

Comments
Post a Comment