Kim Kardashian က သူ့ခွင့်ပြုချက် မရဘဲ Tag လုပ်တဲ့ ကုမ္ပဏီထံကနေ လျော်ကြေး ဒေါ်လာ ၂.၈ သန်း ရရှိ

Kim Kardashian က သူ့ခွင့်ပြုချက် မရဘဲ Tag လုပ်တဲ့ ကုမ္ပဏီထံကနေ လျော်ကြေး ဒေါ်လာ ၂.၈ သန်း ရရှိ

ကမ္ဘာကျော် ဆယ်လီတွေကို လူမှုကွန်ရက်မှာ Tag မတွဲမိအောင် သတိထားရတော့မယ့်ပုံပါပဲ။ တရားစွဲခံရပြီး ဒေါ်လာ သန်းနဲ့ချီ အထိ လျော်ကြေးပေးရနိုင်ပါတယ်။ ကမ္ဘာကျော် ဆယ်လီ တစ်ဦး ဖြစ်တဲ့ ကင်ကာဒါရှီယန်က က Instagram မှာ သူ့ကို Tag လုပ်လို့ ဖက်ရှင် ကုမ္ပဏီကို ဖေဖော်ဝါရီလက တရားစွဲလိုက်ပါတယ်။ သူမက ကုမ္ပဏီထံကနေ နစ်နာကြေး ဒေါ်လာ ၁၀ သန်း အလိုရှိနေပါတယ်။
အခုတော့ သူမက အမှုနိုင်သွားခဲ့ပါပြီ။ သူမ လိုချင်တဲ့ ဒေါ်လာ ၁၀ သန်းတော့ မရခဲ့ပါဘူး။ တရားရုံးက ကုမ္ပဏီအား သူမကို ဒေါ်လာ ၂.၈ သန်းပေးဖို့ အမိန့်ချမှတ်လိုက်ပါတယ်။ ကယ်လီဖိုးနီးယား ပြည်နယ်မှ တရားရုံးက ကုမ္ပဏီဟာ ကာဒါရှီရန်အား လျော်ကြေးငွေ ဒေါ်လာ ၂.၇ သန်းနဲ့ ရှေ့နေငှားရမ်းခ ဒေါ်လာ ၅၉ ၆၀၀ ပေးဆောင်ဖို့ ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။
တရားစွဲခံရတဲ့ ကုမ္ပဏီက Missguided Fashion Company ဖြစ်ပြီး ဆယ်လီများရဲ့ ဖက်ရှင် ဒီဇိုင်းများကို တုပ ပြုလုပ်ပြီး ဈေးသက်သာစွာ ရောင်းချလို့ နာမည်ကြီးပါတယ်။ ကာဒါရှီယန်က “ ကုမ္ပဏီဟာ ကျွန်မရဲ့ ခွင့်ပြုချက် မယူဘဲ ကျွန်မရဲ့ ဓါတ်ပုံများကို ကုမ္ပဏီရဲ့ ၀က်ဘ်ဆိုက်နဲ့ အင်စတာဂရမ်မှာ အသုံးပြုပါတယ်။ ကျွန်မကို Tag တွဲခြင်းများ ပြုလုပ်ခဲ့ပါတယ်။ “ လို့ ပြောပါတယ်။
ကာဒါရှီယန်က သူမရဲ့ နာမည်ကျော်စောမှုကို ကုမ္ပဏီက အသုံးချပြီး သူတို့ ထုတ်ကုန်များ ရောင်းအား ကောင်းအောင် ပြုလုပ်နေတယ်လို့ ပြောပါတယ်။ သူမက ကုမ္ပဏီရဲ့ ၀က်ဘ်ဆိုက်မှာ ကာဒါရှီယန်ကို ရည်ရွယ်တဲ့ စာမျက်နှာတစ်ခု ဖွင့်ထားပြီး အဲဒီမှာ သူမရဲ့ အ၀တ်အစားများကို ပြသထားတယ်လို့ သိရပါတယ်။ စားသုံးသူများက အ၀တ်အစားတစ်ခုကို နှိပ်ရင် တုပ ဖန်တီးထားတဲ့ အ၀တ်အစားကို ရောင်းချတဲ့ စာမျက်နှာကို ရောက်ရှိသွားတယ်လို့ ပြောပါတယ်။ သူမရဲ့ အ၀တ်အစား ပုံများကိုလည်း ကုမ္ပဏီရဲ့ အင်စတာဂရမ်စာမျက်နှာမှာ အသုံးပြုထားတယ်လို့ ပြောပါတယ်။

Ref : theverge

Comments

Popular posts from this blog

ထူးထူးခြားခြား အရုပ်နဲ့ တူလွန်းတဲ့ မော်ဒယ်များ

ရုပ်ရှင်သရုပ်ဆောင် အောင်ဇော်၏ နာရေးအခမ်းအနား မန္တလေးမြို့တွင် ပြုလုပ်

လူပြောများနေတဲ့ မာစတာရှပ်ဖ်ဒိုင်လူကြီး ဦးရဲထွဋ်ဝင်း အကြောင်း