သမီး​လတ်​​လေး ​ဖောင်း​ဖောင်းရဲ့ ​မွေး​နေ့ပွဲ​ကို ခမ်းခမ်းနားနား ပြုလုပ်​​ပေးခဲ့တဲ့ Ah Boy
သမီး​လတ်​​လေး ​ဖောင်း​ဖောင်းရဲ့ ​မွေး​နေ့ပွဲ​ကို ခမ်းခမ်းနားနား ပြုလုပ်​​ပေးခဲ့တဲ့ Ah Boy
 ဘဝအစိတ်​အပိုင်းတစ်​ခုလို့ ထုတ်​​ပြောထား​လောက်​​အောင်​ ချစ်​ရတဲ့ သမီးလတ်​​လေး.. .
 မြတ်​ရတနာ​ကျော်​ကို ကိတ်​မုန့်​ခွံ့​နေတဲ့ ​ဖောင်း​ဖောင်း​လေး…
တစ်​ဦးနဲ့တစ်​ဦး နားလည်​မှုအပြည့်​ရှိတဲ့ အဆိုတော် Ah Boy နဲ့ မင်းသမီးချောလေး မြတ်ရတနာကျော်တို့ဇနီးမောင်နှံနှစ်ဦးကတော့ အချစ်​​တွေအပြည့်​နဲ့ ပြီးပြည့်စုံတဲ့အိမ်ထောင်ရေးကို တည်ဆောက်ထားကြတာပဲ ဖြစ်ပါတယ်။ ချစ်​စရာ​ကောင်းတဲ့ သမီးသုံး​ယောက်​ကို ပိုင်​ဆိုင်​ထားတဲ့ ​ဖေ​ဖေ Ah boy က​တော့ ဖခင်​​ကောင်းတစ်​​ယောက်​ရဲ့ တာဝန်​​တွေကို ​ကျေပြွန်​သူတစ်​ဦးဆိုလည်း မမှားပါဘူး။
လတ်​တ​လောမှာ​တော့ Ah Boy က ချစ်​ရတဲ့ သမီးလတ်​​လေး ​ဖောင်း​ဖောင်းရဲ့ ​မွေး​နေ့​လေးကို ​အလှပဆုံး​လေး ကျင်းပ​ပေးခဲ့တဲ့ ချစ်​စရာပုံရိပ်​​လေး​တွေကို လူမှုကွန်​ယက်​မှာ ​ဝေမျှ​ပေးထားတာ ​တွေ့ရပါတယ်​။ သမီးလတ်​​လေး ​ဖောင်း​ဖောင်းရဲ့ ​မွေး​နေ့​လေးမှာ​တော့ ​မေ​မေ စင်​ဒီကလည်း အတူပါဝင်​ဆင်​နွှဲခဲ့ပါ​သေးတယ်​​နော်​။
ချစ်​ပရိသတ်​​တွေအတွက်​ သမီးလတ်​​လေး ​ဖောင်း​ဖောင်းရဲ့ ​မွေး​နေ့ကို ခမ်းခမ်းနားနား ပြုလုပ်​​ပေးခဲ့တဲ့ ​ဖေ​ဖေကြီး Ah Boy ရဲ့ပုံရိပ်​​တွေကို ​ဖော်​ပြ​ပေးလိုက်​ပါတယ်​​နော်​။
Ah Boy က​တော့ ” ကျနော့်ဘဝရဲ့ အရေးကြီးသော နောက်ထက်အစိတ်အပိုင်းလေးတစ်ခုဖြစ်သော… သမီးလတ်လေး Jewel (ခေါ်) ဖောင်းဖောင်း ရဲ့အသက် ၉ နှစ်ပြည့်မွေးနေ့။ 🎂❤️လူကြီးမိဘအပေါ်သိတတ်လိမ္မာသော ပညာတတ်ကြီးဖြစ်ပါစေ။ Happy Birthday to my beautiful daughter.Daddy loves you so much! ❤” ဆိုပြီး သမီးလတ်​​လေးရဲ့ ​မွေး​နေ့ပွဲက ပုံ​လေး​တွေကို ​ဝေမျှ​ပေးထားတာပါ။
Ah Boy က​တော့ လတ်​တ​လောမှာ စီးပွား​ရေးကို ဦးစား​ပေးလုပ်​​နေဖြစ်​ပြီး သီချင်းအသစ်​​တွေလည်း ထပ်​လုပ်​ဖို့ရှိတယ်​လို့ သိရပါတယ်​။ ချစ်ပရိသတ်တွေလည်း အရမ်းကိုချစ်စရာကောင်းတဲ့ သမီးလေး​တွေနဲ့ ပျော်စရာကောင်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတဲ့ Ah boy နဲ့ မြတ်ရတနာကျော်တို့ ဇနီးမောင်နှံနှစ်ဦးကိုချစ်ရင် Share သွားကြဖို့ မမေ့ပါနဲ့နော်။
Comments
Popular posts from this blog
ထူးထူးခြားခြား အရုပ်နဲ့ တူလွန်းတဲ့ မော်ဒယ်များ
ရုပ်ရှင်သရုပ်ဆောင် အောင်ဇော်၏ နာရေးအခမ်းအနား မန္တလေးမြို့တွင် ပြုလုပ်
လူပြောများနေတဲ့ မာစတာရှပ်ဖ်ဒိုင်လူကြီး ဦးရဲထွဋ်ဝင်း အကြောင်း