“နာရေးကူညီမှုအသင်းကို ငွေကျပ် ၅ သိန်းလှူခဲ့တဲ့ အလင်းရောင်”
“နာရေးကူညီမှုအသင်းကို ငွေကျပ် ၅ သိန်းလှူခဲ့တဲ့ အလင်းရောင်”
သရုပ်ဆောင်အလင်းရောင်က ထီပေါက်ထားတဲ့ ငွေကြေးနဲ့ ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်)မှာ ငွေကျပ် ၅ သိန်းလှူခဲ့တာ တွေ့ရပါတယ်။
ဦးကျော်သူရဲ့ နာရေးကူညီမှုအသင်း( ရန်ကုန်) ကို သရုပ်ဆောင်အလင်းရောင်က ဇူလိုင်လ ၄ ရက်နေ့မှာ အလှူငွေကျပ် ၅ သိန်း ကို ကိုယ်တိုင်ကိုယ်ကျ လာရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ အလင်းရောင်အတွက် ဆုတောင်းစကားတွေကိုလည်း ဦးကျော်သူက အခုလို ပြောပြခဲ့ပါတယ်။
‘’ဂမ္ဘီရမျက်လုံး နှင့် ဒဏ္ဍာရီပင်လယ် ရုပ်ရှင်များတွင် အထူးသရုပ်ဆောင်ထားသည့် သရုပ်ဆောင်မင်းသား အလင်းရောင် သည် မအားလပ်သည့်ကြားမှ နာရေးကူညီမှု အသင်း(ရန်ကုန်) သို့ အလှူငွေငါးသိန်း(၅၀၀၀၀ဝိ/-)ကျပ်အား လာရောက်လှူဒါန်းခဲ့ ပါသည်။လှူဒါန်းမှုအစုစုကြောင့် ယခုထက်အောင်မြင်မှုသရဖူဆုများရရှိကာ ဘ၀တစ်လျောက် သောကင်းဝေး ငြိမ်းချမ်းသာယာ ၀ပြောပါစေ။ သာဓု သာဓု သာဓု’’ ဆိုပြီးတော့ ဇူလိုင်လ ၄ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲက သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာ တွေ့ရပါတယ်။
အလင်းရောင်ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာလည်း ဒီနေ့(ဇူလိုင် ၄)ရက်နေ့မှာ ပြုခဲ့တဲ့ ကုသိုလ်အလှူအတွက် မှတ်တမ်းတင်ထားတာ ဖြစ်ပါတယ်။ ဒီအလှူက ထီပေါက်လို့ရတဲ့ ငွေကြေးနဲ့ လှူတာလို့လည်း သူကပြောပါတယ်။
‘’ မေလတုန်းက ထီ ၅သောင်း ဆုပေါက်ထားတာလဲမလှူရသေးလို့ လှူချင်တာနဲ့ပေါင်းပြီး ဒီနေ့ မနက်ပိုင်းက နာမှူကူညီရေးအသင်းမှာလှူဖြစ်ခဲ့ပါတယ်’’ ဆိုပြီးတော့ဇူလိုင်လ ၄ ရက်နေ့ နေ့လယ် ၁၂ နာရီခွဲကျော်က သူ့ရဲ့ဖေ့စ်ဘွတ်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။
ဦးကျော်သူနဲ့ အလင်းရောင်တို့ဟာ အခုဆိုရင် ရုပ်ရှင်ဇာတ်ကားကြီးတွေ အတူတူရိုက်ကူးထားတာ တွေ့ရပါတယ်။ သူတို့ဟာ ‘’ဂမ္ဘီရမျက်လုံး’’ ၊ ‘’ဒဏ္ဍာရီပင်လယ်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေ အတူတူရိုက်ကူးထားကြတာဖြစ်ပါတယ်။
Credit: Duwun

Comments
Post a Comment